Monday, January 3, 2011

ရခိုင်အချုပ်အခြာအာဏာကျဆုံးနေ့ အခမ်းအနားလှုပ်ရှားမှု(မလေးရှားနိုင်ငံ)



၂၀၁၀  ခုနှစ်ဒီဇင်ဘာလ၃၁ရက်နေ့ တွင် ကျရောက် သည့် ၂၂၆   နှစ်မြောက် ရခိုင်ပြည် အချုပ်အခြာအာဏာ  ကျဆုံးသည့်နေ့အခမ်းအနားကိုမလေးရှားနိုင်ငံ ကွာလာလမ်ပူ (Chinese Assembly Hall) တွင် ပြုလုပ်သည့်ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့် နေ့ အခမ်းအနား ကျင်းပနေပုံ။

အဆိုပါအခမ်းအနားကို ရခိုင်ပြည် အမျိုးသားလွတ်မြောက်ရေးပါတီ(ALP)( မလေးရှားဌာနခွဲ)   ရခိုင်ဒီမိုကရေစီ အဖွဲ့(ALD) ( မလေးရှား) (ARRC ANC's လက်အောက်ခံ မလေးရှား) ၊ ARRC (ပူချုန်း မလေးရှား)၊ AARC (ရခိုင်းက္ခသည်များ မဟာမိတ်ရုံး ပူဒူး မလေးရှား)နှင့် RPLC စသည့် အဖွဲအစည်းများက စုပေါင်းကျင်းပ ခြင်း  ဖြစ်ရာ  အခမ်းအနားသို့  ကရင်၊ ကချင်၊ မွန် ရှမ်း  ချင်းစသည့် တိုင်းရင်းသားကိုယ်စားလှယ် များတက်ရောက်ခဲ့ သည် ။

ရခိုင်ပြည်ကို ရခိုင်ဘုရင်မဟာ သမတမင်း အုပ်ချုပ်နေစဉ်က မြန်မာ ဘုရင် ဘိုးတော် မောင်ဝိုင်း  သည် ရခိုင်သက္ကရာဇ် ၁၁ ၄၆ ခု- ပြာ သိုလပြည့်ကျော် ၇ ရက် ၁၇၈၄ ခု နှဒီဇင်ဘာလ ၃၁ ရက်နေ့တွင်ရခိုင်ကိုစစ်ကြေညာခြင်းသိမ်ယူးခဲ့သည့် နေ့ကို ရခိုင် ပြည် အချုပ် အခြာ အာဏာ ကျဆုံးသည့်နေ့ အဖြစ် သတ်မှတ်ကာ  ရခိုင်လူထု တရပ်လုံးက အောက်မေ့ဖွယ် အခမ်းအနားများကို ကျင့်ပ လေ့ ရှိသည်။

No comments:

Post a Comment